Sunday, June 16, 2013

အလွမ်းဆိုတဲ့ခေါင်းစဉ်အောက်က





အမှတ်မရှိတဲ့ သတိရမှုတွေနဲ့အတူ
တရုတ်စကားပန်းတွေ ပွင့်ဝေနေတုန်းပါပဲ . . . . . . .
သိမ်းထုပ်ထားတဲ့ အဟောင်းအနွမ်း အလွမ်း ရောပြွမ်းတဲ့ ခြောက်သွေ့သွေ့နေ့တွေ
``သင်နဲ့ငါ သွေးချင်းသားရင်း  အမဲသား၊ ငါး ပေါများပါစေ။´´

တူညီတဲ့ ခေါင်းစဉ်အောက်က မတူညီတဲ့ စာမျက်နှာများ
 
လှပသေသပ်စွာ ထုပ်ပိုးထားတဲ့ ဟန်ဆောင်မှုများ

ပိပိရိရိ ဖြတ်တောက်ထားတဲ့ ခံစားမှုညနေခင်းများ

ခရမ်းနုရောင်လွင်ပြင်မှာ  အိပ်မက်တွေနဲ့  ဖွင့်မကြည့်ဖြစ်ခဲ့တဲ့ ဆန္ဒများ

ငါတိုရဲ့မျက်ဝန်းတွေထဲမှာ  စကားလုံးတွေနဲ့ရေးသားထားတဲ့  အသံတိတ် ပြဇာတ်များ

ဒီမျက်ဝန်းတွေထဲမှာပဲ  (ငါတို့သာ  နားလည်တတ်ခဲ့)

နားလည်မှုများနဲ့ စနစ်တကျ လွဲချော်နေခဲ့တဲ့ ယုံကြည်ချက်များ

ဒါတွေနဲ့သာ ထုံးရစ်နှောင်ဖွဲ့ . . . . . နွယ်ပင်လိုပဲပေါ့။

တကယ်ဆိုရင် . . .

(ငါ)ဘာကို ရွေးချယ်ခဲ့မိတာလည်း

နင်လည်း ဘာကို မျှော်လင့်ခဲ့တာလည်း . . .

သက်ဆိုင်မှုနဲ့ ပိုင်ဆိုင်မှုဟာ ချိန်သားကိုက် တိကျစွာ လွဲချော်ခဲ့တယ်

သေချာမှုများနဲ့ ပြောဖြစ်ခဲ့ရင်

ပြောဖြစ်ခဲ့ကြတယ်ဆိုရင်

စကားဝါပန်းတွေ ဝေဆာစွာ ပွင့်နေဆဲပါ။
 
 
 

Saturday, June 8, 2013

THE LEGEND OF MIWALABYA CLAN

 
In the olden days of about 1287 A.D, Kublai Khan’s invasion into Bagan, the Mongol soldiers sacked and burnt the capital of Bagan. A severe weather troubled the Mongol contingent and they had to retreat from the land they conquered. They got back to the Myanmar-Chinese border of Kachin hills. Some Mongol soldiers were very sick; they lagged behind the main army. At the border area of Kaihtik and Lailaw, some soldier could not follow their companions. Most of them perished in deep jungle of Kachin.  A Chinese soldier (or) Mongol Hogya (or) Saugya survived in the Kachin Jungle and became a deserter. He had to hide near Kareng clan’s slash and burn plantation. He was very weak because of sickness. He snatched away rice meal cooked by the Kareng. He sometimes replaced wild fowl and doves as an exchange. The Kareng people tried to catch this strange deserter. At last, they got him. Instead of killing him, they fostered this Chinese soldier and made him marry their daughters,  Kareng Htu Ba and Kareng Kai. As he was a soldier, he was very cunning and industrious for his dear life.  He was clever in archery. So he was accustomed to live like a Kachin native among the Kareng clam. The Kachins called his descendants  “Miwa labya”.
                   Miwalabya clam increased gradually. Our clan brothers are Kyay Kyi (at Gauri Krung valley area), Mihkaw – Mahka of Ah-Zi and Mi Phu. Miwa Labya descendants inhabited in Kaihtit, Lailaw , Bun Kahtawng and Ding Ga Hkran region called “Lana Ga”- Lana land.
                   Our great - great grandfather “Tsyin Yam Naw” was very blithe and active. He led a marriage procession to Hpung gan Gatrawn village where marriage ceremony was held. Tsin Yan Naw was very sharp and keen in social works. So he was very popular among the Hpung gan Gatrawn ladies that they nick named him Shabrang Naw. It was about 1900 A.D, British colonial time.
                   So we are direct descendants from this Shabrang Naw. We have to rename our Miwa Labya clan to “Nbrang clan”. We have to be friend Maran dus (village chieftains of Lailaw). Maran dus live in coexistance with Nbarng clan. We deal with then in every respect. Regard them ‘Mayu Status’. But we never marry their daughters. Kachins have three social standard mayu, dama and brotherhood
                   Our worshipping spirits (Nats) are Zau Htung - indoor nut and Tu Nau outdoor nut. Many years passed by we are baptized to Christians, we throw away some of our household nats worshipping, they are no more our worshipping nats. We are well cultured and became Christians in Kachin hills.
                             Our ancestors of Nbrang clan were born and very belligerent as a bloodline from fighting spirit of Mongol (or) Chinese solider named Hogya - Saugya. Nbrang clan served as loyal soldiers in World War 1 and World War 2 under the flag of British Government. Some are still living in Kaihtik, Bum Kahtawng and Lailaw areas, earn their living as country farmers, some are urbanized in Bhamo , Myitkyina and other areas.
          We are never recognized as five kachin majority clans because we are half blooded, mixed with Chinese blood, but we are still kachins of new generation.
          Nbrang sub clans are Nmun, Hpaga, SengGing, Jaiwa, HkringMan, Labu, LaShawt and Ndau we are clan brothers. Our first mayu race is Kareng clan. Our dama race are Nhkum and Lashi Labya. Lashi Labya must pay respect to us because we are their mayu, giving their daughters of them.
          Our first ancestor’s name is very vague whether he was a Chinese soldier or a Mongol soldier. According to his archery and bravery, he might be a Mongol soldier of that formidable Kublai Khan’s great army, invaded in  Myanmar  at the time of region of King Nara Thiha Pade.
          Miwalabya’s appearance has slightly exposed to facial expression of Mongols who once reigned and roamed across the stepped of Russia and Central Asia.



(This legend was written by , Nbrang La Wom (my dear Dad)
above photo is my dad , mom and niece moonseng

တင့်ကားလူသား


တင့်ကားလူသား (Tank Man) သို့မဟုတ် အမည်မသိ တော်လှန်ရေး သမားကို ကြားဖူးပါသလား။  ၁၉၈၉ ခုနှစ် ဇွန်လ ၅ရက်နေ့ တရုတ်နိုင်ငံ တီယာနမင် (Tiananmen) ရင်ပြင် ဆန္ဒပြပွဲ၌ သူက တင့်ကားများရှေ့ တွင် ရပ်၍ ဆန္ဒပြနေစဉ် သူ့ကို ကင်မရာများ ၊ ဗွီဒီယို တိပ်ခွေများဖြင့် ရိုက်ကူးထားပြီ၊ သတင်းဌာန များတွင် ပြသခဲ့သဖြင့် သူ့ကို ကမ္ဘာတစ်ဝှမ်းလုံးက သိရှိ၍ နာမည် ကျော်ကြားလာခဲ့သည်။ 



ဤ အရေးအခင်းသည် ၁၉၈၉ ခုနှစ် ဇွန်လ ၅ရက်နေတွင် Forbidden မြို့သို့သွားသောလမ်းဖြစ်သော တီယာနမင် (Tiananmen) ရင်ပြင်တွင် ဆန္ဒပြနေသောသူများကို တရုတ်အစိုးရက အကြမ်း ဖက်နည်း ဖြင့် ဖြေရှင်းခဲ့သော နောက်တစ်နေ့တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့၌ တင့်ကားများသည် တီယာနမင်းရင်ပြင်ရှိရာသို့ ချီတက်လာနေစဉ် လူတစ်ယောက်က တင့်ကားများ ရှေ့တွင် သွား၍ ရပ်နေပြီး သူ၏ လက်တစ်ဘက်စီတွင် အထုပ်တစ်ထုပ်စီကို ကိုင်ထားပါသည်။ တင့်ကားများရပ်သွားသည့်အချိန်တွင် ထိုသူသည် တင့်ကားများ ထွက်သွားရန် လက်ဖြင့် ခါယမ်းနေသည်ကို တွေ့ရမည်။ တစ်ခဏအကြာတွင် တင့်ကား ပထမတစ်စီးက သူ့ကိုရှောင်ပြီး မောင်းထွက်သွားရာ သူကလည်း တင့်ကားသွားသည့် လမ်းတွင်ပင် သွား၍ရပ်နေလိုက်သည်။ တင့်ကားများရှေ့တွင် ပိတ်ဆို့ ရပ်နေပြီးသည့်နောက်တွင်  ထို့လူသည် တင့်ကားအပေါ်တွင် တက်သွား၍ တင့်ကားမောင်းသမားနှင့် သွား၍ စကားပြော သည်။ သူပြောသော စကားများကို သတင်းစာများတွင် ကွဲပြားစွာ  ရေးထားသည်ကို တွေ့ရမည်။ ယင်းစကားများမှာ “ ဘာလို့ ဒီကို လာရတာလဲ ။ ငါတို့ရဲ့မြို့ ဖရိုဖရဲ ကမောက်ကမဖြစ်ရတာ မင်းတို့  ကြောင့်ပဲ ၊ လာတဲ့လမ်းက လှည့်ပြန်ပြီး ငါတို့လူတွေကို သတ်ဖြတ် ခြင်းက ရပ်ကြပါ။ ” တစ်ချို့ကလဲ “ထွက်သွားပါ” ဟု ရိုးရိုးရေးထားသည်။ ဗွီဒီယိုထဲတွင် သူရဲ့လူတစ်ချို့က သူ့ကို လူအုပ်ထဲတွင် ဆွဲခေါ်သွားပြီး တင့်ကားများသည်လည်း ရှေ့ကို ဆက်လက် ထွက်သွားကြသည် ကို တွေ့ရသည်။
သူ၏လှုပ်ရှားမှုမှာ အချိန်တိုအတွင်းမျှသာ ဖြစ်သော်ငြားလည်း မည်သည်ဘာသာ စကားပြောသောသူ  မဆို ၊ မည်သည့် အသက်အရွယ်အဆို၊ စာမဖတ်တ်သောသူများနှင့် မော်စီတုံးအကြောင်း တစ်ခါမှ မကြားဖူးသူများပင်လျှင် တင့်ကားလူသား ၏ လုပ်ရပ်ကို နားလည်ကြသည်။ တန်းစီရပ်နေသော တင့်ကားများရှေ့တွင် လူတစ်ယောက်ရပ်နေသည့် သတင်းပုံသည် ညတွင်းချင်းမှာပင် ကမ္ဘာအနှံ့ရှိ သတင်းကြည့်သူများထဲ ရောက်ရှိသွားသည်။ သတင်းစာ ရာပေါင်းများစွာတွင် ထိုသတင်းကို သတင်းစာနှင့် သတင်းစာမဂ္ဂဇင်းတို့၏ ခေါင်းကြီးပိုင်းသတင်းတွင် ပါလာသည်ကို တွေ့ရမည်။ ထို့အတူ ကမ္ဘာအရပ်ရပ်ရှိ သတင်းဌာနများတွင်လည်း ထိုသူ့အကြောင်း အသံလွှင့်ထားသည်ကို တွေ့ရမည်။ ထိုသူ့ဓာတ်ပုံကို ရိုက်ကူးသော ဓာတ်ပုံသမား တစ်ဦးသည် ယင်းပုံကို Life Magazine ၏ “ကမ္ဘာကို ပြောင်းလဲသော ဓာတ်ပုံ ၁၀၀”ထဲတွင် ဖော်ပြထားသည်ကို တွေ့ရမည်။ ၁၉၉၈ ခုနှစ် ဧပြီလတွင် အမေရိကန်နိုင်ငံမှ ထုတ်ဝေသော “ Time Magazine” မှ အမည်မသိသော တော်လှန်ရေးသမားကို ၂၀ရာစုအတွင်း လူများ အပေါ် လွှမ်းမိုးမှုရှိသောလူ ၁၀၀ယောက်ထဲမှ တစ်ယောက်အဖြစ် ရွေးချယ်ထားသည်ကို တွေ့ရမည်။

(၀န်ခံချက် ။  ။ ၂၀ရာစု ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများ ebook မှ ကူးယူဖော်ပြထားခြင်းဖြစ်ပြီး၊ စာရေးဆရာ အမည်မသိပါ။ ဓာတ်ပုံများကို wikipedia နှင့် witter/weibo.com/weiblog မှ ရယူထားပါသည်။


ခရေ

အသည်းကွဲ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါ။







အပိုင်း(၁)


“ ဆည်းဆာရိုင်းတွေလေ . . .
မြို့ပြတွေပေါ်ကို ဖြတ်ကျော်
အမှောင်ထုကို ကြိုလင့်နေလို့
ဗျိုင်းတစ်အုပ် ပျံသန်းသွားတာတောင်
အပြုံးမပျက်ခဲ့ဘူး။
ပြန်တဲ့လမ်းတစ်လျှောက်
ခရေတစ်ပွင့် ကြွေကျသွားတယ် ။
(ဒီလိုနဲ့) လေးတွဲတွဲ သက်ပြင်းကို အခါခါချ
စိတ်အလေတွေ အသားမာတက်ခဲ့ပေါ့။
ဆည်းဆာရိုင်းတွေလေ . . .
မြို့ပြတွေပေါ်ကို ဖြတ်ကျော်
အမှောင်ထုကိုကြိုလင့်နေလို့
ဗျိုင်းတစ်အုပ် ပျံသန်းသွားတာတောင်
အပြုံးမပျက်ခဲ့ဘူး။
ပြန်တဲ့လမ်းတစ်လျှောက်
ခရေတစ်ပွင့် ကြွေကျသွားတယ် ။
(ဒီလိုနဲ့) ရနံ့တွေကို အိပ်ကပ်ထဲထည့်
တစ်ညစာ အိပ်မက်တွေနဲ့ပေါ့.
မနက်ဖြန်မှာ
အာရုဏ်အသစ်နဲ့
ဆည်းဆာရိုင်းတွေလေ . . .
မြို့ပြတွေပေါ်ကို ဖြတ်ကျော်
အမှောင်ထုကို ကြိုလင့်နေလို့”

အပိုင်း(၂)


လွန်ခဲ့တဲ့ (၂၀၀၂)ခုနှစ်လောက်က ကျွန်တော်ရဲ့မက်ခဲ့တဲ့ အိပ်မက်ဟာ ခရေအိပ်မက်ပါပဲ။
ခရေပန်းတွေနဲ့ ပွင့်ဖူးတဲ့ အိပ်မက်ဟာ လှပနေတယ်။
အိပ်မက်ထဲမှာ ပွင့်ခဲ့တဲ့ ခရေပန်းဟာ မွှေးပျံ့ပျံ့နဲ့ ဘယ်တော့မှ ရနံ့မပြယ်ဘူး။
 အိပ်မက်က လန့်နိုးလာရင်တောင် အနီးတ၀ိုက်မှာ ခရေရနံ့တွေဟာ သင်းထုံကျန်ရစ်ခဲ့တယ်။
မန္တလေး မြောက်ကျုံးထောင့်နားက တစ်ပင်တည်းသော ခရေပင်
ကုသိုလ်တော် ဘုရားဝင်းထဲက သက်တမ်းရာကျော်နေတဲ့ ခရေပင်တွေ
မဟာမြတ်မုနိဘုရာဝင်းထဲက ခရေပင်တွေနဲ့
တောင်သမန်အင်း ရတနာပုံတက္ကသိုလ်ရဲ့ကင်တင်းနံဘေးက ခရေပင်တွေအောက်မှာ
ကျွန်တော့ရဲ့ဘ၀ဟာ ထုဆစ်ထားသလို လှပနေခဲ့တယ်။ မပျက်ပြယ်တဲ့ရနံ့မျိုးနဲ့ပေါ့ ။
ခရေပန်းဟာ တစ်ချို့တွေက ဆိုကြတယ် အကြွေပန်းတဲ့
ခရေပန်းဟာ ရှေးနန်းတွင်းထဲက တော်ဝင်ပန်း မဟုတ်ပေမဲ့ 
ကျွန်တော့်ကတော့ မြတ်နိုးတယ်။ နှစ်သက်တယ်။
လေတစ်ချက် တစ်ချက် အဝှေ့မှာ ကြွေကျလာတဲ့ ခရေပွင့်တွေကို လိုက်ကောက်ရတဲ့ အရသာဟာ
ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး။  လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ပျော်ရွှင်တယ်။
ကြွေလည်းမွှေးတယ် ဝေလည်းမွှေးတယ်။
ခရေပန်းနဲ့ ကျွန်တောဘ၀ တစ်စိတ်တစ်ပိုင်းဟာ ဆက်နွယ်မှုရှိခဲ့တယ်။
အထူးသဖြင့် ခရေပန်းနဲ့ သူမ။
သူမကြောင့် ခရေပန်းဟာ ကျွန်တော့ဘ၀ထဲကို တစ်ထောင့်တစ်နေရာက ပါဝင်လာခဲ့တယ်။
သူမဆီက ရရှိခဲ့တဲ့ လက်ဆောင်တွေထဲမှာ ခရေပွင့်ပါတယ်။
ကျွန်တော သူမကို ပေးတဲ့ လက်ဆောင်တွေထဲမှာလည်း ခရေပွင့်တွေ ပါပါတယ်။
များများစားစား မဟုတ်ပါဘူး။ နှစ်ပွင့်တည်း
ခရေပန်းလေး နှစ်ပွင့်တည်းပါ။ ကျကျနန ထုတ်ပိုးထားတာမျိုးလည်း မဟုတ်ဘူး။
တကူးတက စီစဉ်ထားပြီး ပေးတာမျိုးလည်း မဟုတ်ပါဘူး။
လေအဝှေ့မှာ . . . .
လွင့်ပျံ့ကျဲကျလာတဲ့ ခရေပန်းတွေ မြေမခခင်  မြေပေါ် မသက်ခင် သူမရဲ့ လက်ဖ၀ါး
နုနုလေးဖမ်ဆုပ်ရယူပြီး တစ်ရှူးလေးနဲ့ ထောင်မှန်ပုံခေါက် ထုပ်ပိုး ခရေးပွင့်လေးတွေကို
ထည့်ပေးလိုက်တာပဲ။ ကျွန်တော်လည်း ထိုနည်းအတိုင်း သူမကို ပေးခဲ့တယ်။
ဘယ်အချိန်ပဲ ထုတ်ကြည့်ကြည့် ခရေရနံ့ဟာ မွှေးပျံ့နေတယ်။
ဘယ်တော့မှ ရနံ့ မပျယ်ပြယ်သွားဘူး။ ပျောက်ပျက် မသွားဘူး။
ခရေပွင့်တွေကို လိုက်ဖမ်းရင်း သူမရဲ့ နွဲ့နှောင်းတဲ့ ဟန်ပန်နဲ့ ဝေ့၀ဲသွားတဲ့ ဆံနွယ်တွေဟာ
ကျွန်တော့်ဘ၀ကို အမှတ်ရမိစေတဲ့ မရိုးနိုင်တဲ့ ၊ နှလုံးသားရဲ့ပန်းချီကား တစ်ချပ်ပါပဲ။
ခရေရနံ့တွေကတော့ ဘယ်တော့မှ မပျက်ပြယ်သွားပါဘူး။
ဖွင့်ကြည့်လိုက်တိုင်း ခရေရနံ့လေးတွေ ရရနေတုန်းပါပဲ။
အပိုင်း(၃)
ဒါပေမယ့် သူမနဲ့ ကျွန်တော့တိုရဲ့ ဇာတ်လမ်းကတော့ တစ်ခန်းရပ် ပြဇာတ်လိုပါပဲ။
တိကနဲ  . . . . . .  ပြတ်သွားတယ်။
အကြောင်းပြချက် များများစားစား မရှိပါဘူး။
ခပ်ညံ့ညံ့ ရုပ်ရှင်တွေထဲကလို မိဘပေးစားတဲ့သူနဲ့   
( ……………………………………………………………………………………………………..
…………………………………………………..)
 ရိုးစင်တဲ့ဇာတ်လမ်း တစ်ပုဒ်ပါပဲ။
သူမကို ကျွန်တော် မမုန်းပါဘူး။ သူမကလည်း ကျွန်တော့ကို မမုန်းပါဘူး။
သူမနဲ့ နားလည်မှုတစ်ခုပဲ ယူလိုက်တယ်။  နှလုံးသားကို လှည့်စားပြီး နားလည်မှုယူလိုက်တယ်။
သူမနဲ့ ကျွန်တော့တို့အကြားမှာ နံရံပါးပါးလေးတစ်ခုပဲ ခြားလိုက်တယ်။
တစ်ကယ်ကိုမှ ပါးပါးလေးပါပဲ။
အပိုင်း(၄)
ပြီးပါပြီး။
နောက်ဆက်တွ
သူမပေးခဲ့တဲ့ ခရေပန်းပွင့်ခြောက်လေးတွေကို အကြောင်းအရာ  တိုက်ဆိုင်လာခဲ့ရင်
ထုတ်ထုတ်ကြည့်မိတယ်။ ခရေရနံ့လေးတွေကတော့ သင်းပျံ့နေတုန်းပါပဲ။
သူမကတော့ ထုတ်ကြည့် မကြည့် မသိတော့ပါ။
ဘာလို့လည်းဆိုတော့ . . . . . .
သူမဟာ သာယာဖြောင့်ဖြူး  ပြီးပြည့်စုံပြီးတဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်သွားပြီ ဖြစ်လိုပါပဲ။
မုတ်သုံ (၂၉.၁၀.၂၀၁၂) ၊ နံနက် (၁း၁၂)နာရီ တနင်္လာနေ့