Tuesday, December 26, 2017

Twins Falls









ရိုးရှင်းတဲ့ အခင်းအကျင်းနဲ့
Perrine Memorial တံတားအောက်မှာ
Snake River ဟာ တည်ငြိမ်စွာ စီးဆင်းတယ်
ဒါကပဲ မြို့လေးကို တန်ဆာဆင်ထားလို့
ကျယ်ပြောတဲ့ လွင်ပြင်က Magic Valley တဲ့
မှော်ဆန်တဲ့ ရုပ်ပြောင်းရုပ်လွှဲ
ရာသီအတတ်ပညာတွေ ပိုင်ဆိုင်တယ်
သူက ဆောင်းမှာ အရိုင်းဆန်ပေမယ့်
နွေဦးရောက်ရင် ချစ်စရာ ကောင်းနေပြန်ရော
ကျေးလက်ဆန်ဆန် မပြယ်သေးတဲ့ရနံ့တွေနဲ့
စိမ်းစိုစို အာလူးစိုက်ခင်းတွေက
ဆောင်းအလာကိုတော့ မစောင့်နိုင်ဘူးထင်ရဲ့
နှင်းခဲတွေအောက်မှာ ပုန်းလျှိုးကုန်တယ်
Down Town မှာ လူမစည်တဲ့မြို့လေးက
ရေတံခွန်တွေ ရေပူစမ်းတွေနဲ့ တင့်တယ်တဲ့မြို့လေပေါ့
Rocky တောင်တန်းရဲ့ အနားသတ်
​ဖြောင့်တန်းတဲ့ US 93 နဲ့ I 84 လမ်းမတွေကြောင့်
သူဟာ အထီးကျန်ဆန် မနေဘူး
(၁၉၀၅)ခုနှစ်မှာ ပြန်လည်တည်ထောင်ခဲ့ပေမယ့်
အလှတွေ မပြယ်သေးလို့
ကဗျာဆန်ဆန်ခေါ်ပုံက Twin Falls တဲ့

No comments:

Post a Comment