Sunday, July 26, 2015

နှင်း

နှင်း . . .
မြောက်လေနဲ့အတူ
ရွက်ခြောက်အောက်မှာ သိုသိပ်ဖုံးကွယ်လို့

ရောင်ခြည်ဖြာစ မနက်လို
ခပ်လဲ့လဲ့အလင်း မယိုင်လဲခင်
ချယ်ရီရောင်နှုတ်ခမ်းက ပွင့်ပြုံးတယ် 

အေးပေမယ့် နွေးဆဲစကားလုံးက
တံစက်မြိတ်အောက်မှာ တစ်စစ
ထုဆစ်လို့
ဝိုးတဝါးမှုန်ရီ
လေအဝှေ့ လှုပ်ခတ်သယောင်
မင်းဆံနွယ်တွေ
တဖွဲဖွဲကျာလာတယ်
ဒါ ဆောင်းပဲ။